Objectives

ရည်ရွယ်ချက်

  1. နိုင်ငံတော်၏ စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုံများ အစဉ်အမြဲ စက်စွမ်းအားပြည့် လည်ပတ်မှု ရရှိနေစေရန် လိုအပ်သော နည်းပညာရပ်ဆိုင်ရာ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်
  2. ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော မော်တော်ယာဉ်ဆိုင်ရာ နည်းပညာသုတေသနများကိုလေ့လာ၍ ကဏ္ဍ အလိုက် သုတေသနများဆောင်ရွက်နိုင်ရန်
  3. အရည်အသွေးပြည့်ဝသော သုတေသနစမ်းသပ်ပစ္စည်းများ ထုတ်လုပ်ပေးခြင်း ဖြင့်သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်
  4. IT ဆိုင်ရာစီးပွားရေးကဏ္ဍ (IT Industry) နှင့် အသုံးချရေးကဏ္ဍ (IT Application) များတွင်လိုအပ်မည့် အရည် အချင်း ပြည့်ဝသော Industry Ready IT Profession များ မွေးထုတ်ရန်
  5. အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်ကို စီမံခန့်ခွဲခြင်း၊ တီထွင်ဆန်းသစ်ဖန်တီးမှု များကိုအားပေးခြင်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် အသုံးပြုမှုကိုမြှင့်တင်ခြင်း၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်များကို အကျိုးရှိစွာအသုံးချ ခြင်းနှင့် နိုင်ငံတကာအသိဉာဏ်ပစ္စည်းဆိုင်ရာကိစ္စရပ်များကိုတိုးမြှင့် ဆောင်ရွက်ရန်
  6. နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် အီလက်ထရောနစ် အသုံးချနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်

Comments are closed.