ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု

ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု

 

၁။ OVEC နှင့် ACTED တို့၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်ရှိ Nawamin College သို့ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်) တို့မှ ဆရာ၊ ဆရာမ ကိုယ်စားလှယ် (၁၇) ဦးအား လေ့လာရေးခရီးနှင့် ဆရာဖြစ် သင်တန်း (TOT) များသို့ သွားရောက်ခဲ့ကြပါသည်။

၂။ OVEC နှင့် ADRA တို့၏ အစီအစဥ်ဖြင့် မဲဆောက်ကောလိပ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) နှင့် နည်းပညာတက္ကသိုလ် (ဘားအံ) တို့မှ ဆရာ၊ ဆရာမ ကိုယ်စားလှယ် (၉) ဦးအား လေ့လာရေးခရီးနှင့် ဆရာဖြစ်သင်တန်း (TOT) များသို့ သွားရောက်ခဲ့ကြပါသည်။ အစိုးရ နည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ဒေသခံလူငယ်လူရွယ်များ အတွက် ကျွမ်းကျင်မှုကာလတို (၃) လ သင်တန်းများအဖြစ် မွမ်းမံစက်ချုပ် သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်း ကိရိယာများကို ပြင်ဆင်တပ်ဆင်ခြင်း သင်တန်းများအား စတင်သင်ကြား လျက်ရှိပါသည်။

၃။ ထိုင်းနိုင်ငံ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အဆင့်မြှင့်တင်ရေး ဒုတိယဥက္ကဌ ပါမောက္ခ Dr. Sunchai Inthapichai, King Mongkut’s University of Technology North Bangkok (KMUTNB) နှင့် Thailand International Development Cooperation Agency (TICA)မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ နည်းပညာ တက္ကသိုလ် (ထားဝယ်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်) တို့အတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရန် ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

၄။ ထိုင်းနိုင်ငံရှိ Mae Fah Luang University မှ Assoငiate Professor Dr. Preecha Upayakin ဦးဆောင်သောအဖွဲ့သည် နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ လာရောက်လေ့လာခဲ့ပြီး နည်းပညာ တက္ကသိုလ် (တောင်ကြီး) မှ ပါမောက္ခချုပ် ဦးဆောင်သော ဌာနမှူးများ ပါဝင်သည့် ကိုယ်စားလှယ် ဆရာ၊ ဆရာမ (၁၅) ဦးအား Chiang Saen International Institute of Skill Development (CSIISD) သို့ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြား လာပါသည်။

နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း

       ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် ထိုင်းနိုင်ငံရှိ အောက်ဖော်ပြပါ နည်းပညာတက္ကသိုလ် (၄) ခုနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ပညာရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိပါသည် –

(က) Mae Fah Luang University
(ခ) ASEAN Institute of Tecehnology (AIT)
(ဂ) King Mongkut University of Technology (KMUTT)
(ဃ) Khon Kean University

ထို့အပြင် အောက်ဖော်ပြပါ တက္ကသိုလ်များနှင့်လည်း နားလည်မှု စာချွန်လွှာရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်-

(က) Nakhon University
(ခ) Chaing Mai University
(ဂ) Thammasat University

Comments are closed.